တရုတ်အာကာသစခန်းသည် ၂ နှစ်လည်ပတ်ခဲ့ပြီ

အရင်းအမြစ်:CRI   |    2025-01-14 17:38:00

ယခုလ ၁၃ ရက်နေ့တွင် တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးသည် ရှန်ဟိုင်းမြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ရာ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက်ပြီး လည်ပတ်သည့် ၂ နှစ်အတွင်း အာကာသသိပ္ပံနှင့် အသုံးချမှုနယ်ပယ်တွင် ရရှိခဲ့သော အရေးကြီးရလဒ်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် သိပ္ပံသုတေသနပရောဂျက်များကို မိတ်ဆက်ခဲ့သည်။

တရုတ်အာကာသစခန်းသည် ပတ်လမ်းအတွင်း သိပ္ပံနှင့် အသုံးချပရောဂျက်ပေါင်း ၁၈၀ ကျော်ကို အကောင်အထည်ဖော်ခဲ့ပြီး လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း သုတေသန တစ်ထောင်ကျော်ကို လုပ်ဆောင်မည်ဖြစ်ကာ သိပ္ပံပညာ အသိပညာပေးရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်လုပ်ဆောင်မည်ဖြစ်သည်။

တရုတ်အာကာသစခန်းသည် ၂ နှစ်လည်ပတ်ခဲ့ပြီ