ရှီးဇန့်(တိဘက်) တင့်ရိတွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ်ပေါင်း ၃၆၀၀ ကျော် လှုပ်ခတ်ခဲ့

အရင်းအမြစ်:CRI   |    2025-01-14 17:35:00

ရှီးဇန့်(တိဘက်) တင့်ရိတွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းနှင့် ၁၄ ရက်နေ့ မနက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် အမြင့်ဆုံးပြင်အား ၅.၀ အဆင့် ရှိကြောင်း တရုတ် ငလျင် ဌာနမှ သတင်းအရ သိရပါသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီအထိ နောက်ဆက်တွဲငလျင် အကြိမ်ပေါင်း ၃၆၁၄ ကြိမ်လှုပ်ခတ်ခဲ့ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့သည် ရှီးဇန့်(တိဘက်) တင့်ရိတွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ပြီးနောက် ၇ ရက်မြောက်နေ့ ဖြစ်သည်။ လက်ရှိအချိန်တွင် သက်ဆိုင်ရာဌာန အသီးသီးတို့သည် နေရာချထားရေးကို အစွမ်းကုန် ဆောင်ရွက်နေပြီး ဘေးသင့် ဒေသ အခြေခံ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကို ပိုမို လျင်မြန်စွာ ပြုလုပ်နေကာ ဘေးသင့် ပြည်သူများ၏ နေထိုင်မှုဘဝကို အာမခံ ကာကွယ်ပေး လျက်ရှိပါသည်။ လက်ရှိအချိန်အထိ ပျက်စီးသွားသော အဆောက်အဦ ၆၇၀၀ ကို ရှာဖွေစစ်ဆေးနေပြီး ယာယီနေအိမ် ၁၈၂၅ လုံး တည်ဆောက်ပေးထားကာ အရေပေါ် ထောက်ပံ့ရေး ပစ္စည်း ၁၉၉၀၀၀ နှင့် နေ့စဉ်သုံးပစ္စည်း တန်ချိန် ၂၆၀ ကျော်ကို ပို့ဆောင်နေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို ဘေးသင့် ပြည်သူများဆီသို့ ပေးအပ်နေပြီဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက်များကိုလည်း တဖြည်းဖြည်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ရှီးဇန့်(တိဘက်) တင့်ရိတွင် ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင် ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲငလျင် အကြိမ်ပေါင်း ၃၆၀၀ ကျော် လှုပ်ခတ်ခဲ့