တရုတ်သည် ကန်မှ အမျိုးသားလုံခြုံရေး အယူအဆအပေါ် လွန်ကဲစွာချဲ့ထွင်ပြီး ပုံမှန် စီးပွားကုန်သွယ်ရေး သွားလာမှုကို အနှောင့်အယှက်ပေးခြင်းနှင့် ကန့်သတ်ခြင်းကို အမြဲဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

အရင်းအမြစ်:ဆင်ဟွာသတင်းဌာန   |    2025-01-14 17:32:00

ဇန်နဝါရီလ ၁၃ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် စတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံသည် တရုတ်လုပ်ငန်းကုမ္ပဏီများကို ပိတ်ဆို့ အရေးယူခံ အမည်စာရင်းတွင် ထည့်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ အမျိုးသားလုံခြုံရေး အယူအဆအပေါ် လွန်ကဲစွာချဲ့ထွင်နေခြင်းကိုကန့်ကွက်ပြီး ပုံမှန်စီးပွားကုန်သွယ်ရေး သွားလာမှုကို အနှောင့်အယှက်ပေးခြင်းနှင့် ကန့်သတ်ခြင်းကို အမြဲဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေဆိုင်ရာ အထောက်အထားနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တာဝန်အပ်နှင်းချက်မရဘဲ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့် လက်တံရှည်စီမံအုပ်ချုပ်မှုများကို တစ်လျှောက်လုံး ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။