တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ထိုင်း အချင်းပွားမှုအပေါ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက် တက်ကြွစွာ တွန်းအားပေးမည်ဟု တရုတ် ဆို

အရင်းအမြစ်:CRI   |    2025-12-25 15:03:28

ဒီဇင်ဘာလ ၂၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ မလေးရှားနိုင်ငံ၌ ကျင်းပသော အာဆီယံ အထူးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် လက်ရှိ ကမ္ဘောဒီးယား၊ ထိုင်း နယ်စပ်ဒေသအခြေအနေကို အဓိကထားဆွေးနွေးခဲ့သော်လည်း လက်ရှိ အချိန်တွင် ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် အပစ်အခတ်ရပ်စဲမှုသဘောတူညီချက် မရရှိ သေးခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် မည်သို့သုံးသပ်ချက်ရှိသနည်းဟု သတင်း ထောက် တစ်ဦးက မေးမြန်းခဲ့ပါသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြကြောင်း၊ အာဆီယံ အဖွဲ့ အထူးသဖြင့် မလေးရှားနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တွန်းအား ပေးခြင်း အား တရုတ်နိုင်ငံမှ ချီးကျူးပြီးထောက်ခံကြောင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ နယ်စပ်ဒေသ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အပစ်အခတ်ကို အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်နိုင်မည်ဟု ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ မိတ်ဆွေနှင့် အိမ်နီးချင်း နိုင်ငံအနေနှင့် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း လင်းကျန့်က ပြောကြား ခဲ့ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ထိုင်း အချင်းပွားမှုအပေါ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက် တက်ကြွစွာ တွန်းအားပေးမည်ဟု တရုတ် ဆို