လိုက်ချင်းတေ ၏ “လုပ်ဆောင်ချက်စီမံကိန်း”ဟူသည်မှာ “စစ်ပွဲဖြစ်ပေါ်စေရန်စီမံကိန်း”နှင့် “ထိုင်ဝမ်ကိုဖျက်ဆီးရန်စီမံကိန်း” ဖြစ်သည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို
တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာ က လိုက်ချင်းတေ ၏ ခွဲထွက်ရေးဆိုင်ရာပြောဆိုချက်တွင် ရန်ငြိုးထားမှုနှင့် ထိပ်တိုက် ရင်ဆိုင်မှုတို့ ပြည့်နှက်နေကြောင်း၊ ၄င်၏ “ထိုင်ဝမ်သီးခြားတည်ရှိရေး”ဆိုင်ရာ ရပ်တည် ချက်ကို ခေါင်းမာစွာ မပြောင်းလဲဘဲ ၄င်၏ ခွဲထွက်ရေးဆိုင်ရာကြံစည်ချက်သည် အစွန်း ရောက်ပြီး ရန်စမှု နှင့် အနှောင့်အယှက်ပေးမှုတို့ကို ထင်ရာစိုင်းလုပ်ကာ ထိုင်ဝမ်ကို ရောင်း စားပြီး ထိခိုက်စေ သည့်လုပ်ရပ်များ ပိုမိုပြင်းထန်ဆိုးရွားလာသည်ကို အပြည့်အဝ ဖော် ပြ နိုင် ကြောင်း၊ ၄င်း၏ “လုပ်ဆောင်ချက်စီမံကိန်း” တွင် “ပြည်မကြီး၏ ခြိမ်းခြောက်မှု”ကို ဝါဒ ဖြန့်ပြီး “လက်နက် အင်အားဖြင့် ထိုင်ဝမ်သီးခြားတည်ရှိရေးကို ရှာကြံရန်”၊ နိုင်ငံခြား အင် အားဖြင့် ထိုင်ဝမ်သီးခြား တည်ရှိရေးကို ရှာကြံရန်” ကြံစည်ချက်များမှာ ထိုင်ဝမ်ဒေသကို အ နှောင့် အယှက်ပေးပြီး ထိုင်ဝမ်ဒေသခံတို့အား ထိခိုက်စေသော “စစ်ပွဲဖြစ်ပေါ်စေရန် စီမံကိန်း”နှင့် “ထိုင်ဝမ်ကို ဖျက်ဆီးရန်စီမံကိန်း” ဖြစ်ကြောင်း၊ ၄င်းမှ “ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ”၊ “အကျပ်အတည်းကို ဖန်တီးသူ”နှင့် “စစ်ပွဲကို လှုံ့ ဆော်သူ”၏ မျက်နှာဆိုးကို ထပ်မံ ဖော်ထုတ် နိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လိုက်ချင်းတေ သည် “အမျိုးသားလုံခြုံရေး အဆင့်မြင့် အစည်းအဝေး”ကို ခေါ်ယူကျင်းပပြီး “ဒီမိုကရက်တစ်ထိုင်ဝမ်၏ အမျိုးသားလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် လုပ်ဆောင်ချက်စီမံကိန်း”ဟူသည်ကို တင်ပြခဲ့ပြီး အစည်း အဝေး ကျင်း ပပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင်လည်း လိုက်ချင်းတေ က “ဒီမိုကရက် တစ်ထိုင်ဝမ် သည် အချုပ်အခြာအာဏာပိုင်ခွင့်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်” ဟု “ထိုင်ဝမ် သီးခြားတည်ရှိရေး” ခွဲထွက်ရေးဆိုင်ရာ ပြောဆိုချက်ကို ထုတ်ပြန်ခဲ့ရာ “ပြည်မ ကြီး၏ ခြိမ်းခြောက်မှု” ကို ဝါဒဖြန့်ကာ ထိုင်ဝမ်ဒေသ၏ ကာကွယ်ရေး ဘတ်ချက်ကို မြှင့် တင်ရန် လှုံ့ဆော်ပြောကြားခဲ့သည်။ ယင်းကို မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းဟု သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာ က အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်ပါသည်။