ဟွမ်ယန်ကျွန်းပင်လယ်ရပ်ဝန်း ဂေဟစနစ်ပတ်ဝန်းကျင်အခြေအနေဆိုင်ရာ အစီရင်ခံစာကို တရုတ်ဂေဟစနစ် ပတ်ဝန်းကျင်ဝန်ကြီးဌာန ထုတ်ပြန်
အရင်းအမြစ်:CRI |
2025-11-28 18:06:00
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသော တရုတ်ဂေဟစနစ် ပတ်ဝန်းကျင် ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဂေဟစနစ်ပတ်ဝန်းကျင် ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဟွမ်ယန်ကျွန်းပင်လယ်ရပ်ဝန်း ဂေဟစနစ် ပတ်ဝန်းကျင်အခြေအနေ စုံစမ်း စစ်ဆေးရေး အကဲဖြတ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာတွင် ဟွမ်ယန်ကျွန်းပင်လယ်ရပ်ဝန်း၏ ပတ်ဝန်းကျင် အရည် အသွေး ကောင်းမွန်လျက်ရှိကြောင်း၊ ဟွမ်ယန်ကျွန်း သန္တာကျောက်ဆောင် ဂေဟစနစ် ကောင်း မွန် လျက်ရှိကြောင်း၊ ဟွမ်ယန်ကျွန်း၏ သဘာဝဂေဟစနစ် မျိုးစုံရှိရေး၊ တည်ငြိမ် ရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကောင်းမွန် လျက်ရှိကြောင်း၊ တောင်ပင်လယ် ရေ နေ သတ္တဝါ များအတွက် အရေးကြီးသော နေထိုင်မှုနှင့် ခိုလုံရာ နေရာ များကို ထောက်ပံ့ ပေးနိုင် ကြောင်း ဖော်ပြထားပါသည်။