၁၅၇ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့်ဥပဒေ စိုးမိုးရေး လှုပ်ရှားမှုကို စတင်

အရင်းအမြစ်:CRI   |    2025-09-25 17:10:00

စက်တင်ဘာလ ၂၃ရက်နေ့ နံနက် ၉နာရီက တရုတ်နိုင်ငံမှ သင်္ဘော နှစ်စင်း နှင့် မြန်မာ နိုင်ငံမှ သင်္ဘော နှစ်စင်းတို့သည် တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏား ကျင်ဟာ ရဲဆိပ်ကမ်းမှ ထွက်ခွာပြီး မဲခေါင်မြစ်အတွင်း သတ်မှတ်ထားသော ‌ရေပြင်သို့ သွားရောက်ကာ လာအိုဖက်မှ ဥပဒေ စိုးမိုးရေးသင်္ဘောနှင့် ဆုံတွေ့၍ ၁၅၇ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေ စိုးမိုးရေးလှုပ်ရှားမှုကို ပူးတွဲဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုအကြိမ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးလှုပ်ရှားမှုတွင် အွန်လိုင်း လောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချရေး စသော နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ပြင်းထန်စွာ တိုက်ဖျက်၍ ရေပြင်တစ်လျှောက် လုံခြုံရေးကို တစ်ဆင့်တိုးခိုင်မာစေကာ ရေကြောင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး ကို အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

၁၅၇ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့်ဥပဒေ စိုးမိုးရေး လှုပ်ရှားမှုကို စတင်