တရုတ်နှင့် အာဆီယံနိုင်ငံများသည် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုတွင် ကောင်းကျိုးရလဒ်များ ရရှိခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

အရင်းအမြစ်:CRI   |    2025-09-24 17:06:00

စက်တင်ဘာလ ၂၃ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပုံမှန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ "တရုတ်နှင့် အာဆီယံနိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်ပေးလိုသနည်း ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နယ်ပယ်အသီးသီးတွင် တရုတ်နှင့် အာဆီယံနိုင်ငံများကြား လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး အောင်မြင်မှု အသီး အပွင့်များ ဖြစ်ထွန်းလာကာ ကောင်းကျိုးရလဒ်များ ရရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့်အာဆီယံအကြား စုစုပေါင်းကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁ ထရီလီယံ နီးပါးအထိရောက်ရှိခဲ့ပြီး နှစ်ဖက်စလုံးသည် ငါးနှစ်ဆက်တိုက် အကြီးဆုံး ကုန်သွယ်ဖက်များ အပြန်အလှန် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ အပါအဝင် အခြားနိုင်ငံအသီးသီးနှင့် ပိုမို နက်ရှိုင်းစွာ ချိတ်ဆက်ဆောင်ရွက်ပြီး ဒေသတွင်း တစ်ပြေးညီ ဖြစ်စေရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရန်အတွက် လက်တွဲ တွန်းအားပေးလိုကြောင်း၊ တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အမြတ်ဝေစုသည် နိုင်ငံအားလုံး၏ ပြည်သူများ အတွက် ပိုမို အကျိုးရှိစေမည်ဖြစ်ကြောင်း Guo Jiakun က ပြောကြားခဲ့သည်။

တရုတ်နှင့် အာဆီယံနိုင်ငံများသည် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုတွင် ကောင်းကျိုးရလဒ်များ ရရှိခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနဆို