ရှီကျင့်ဖိန်သည် ဗဟို လုပ်ငန်းဌာနများ၏ လုပ်ငန်းများနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်
မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ် နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗဟို လုပ်ငန်းဌာနများ၏ လုပ်ငန်း များနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ရှီကျင့်ဖိန်က ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ဗဟိုလုပ်ငန်းဌာနများသည် ပါတီ ဗဟိုကော်မတီ၏ အစီ အမံများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ပေးပြီး နိုင်ငံတော်၏ မဟာဗျူဟာ အတွက် တက်ကြွစွာ အကျိုးဆောင်ပေးကာ အမျိုးသား စီးပွားရေးတွင် ကျောရိုးမဏ္ဍိုင် အ ခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ခရီးစဉ်သစ်တွင် ဗဟိုလုပ်ငန်းဌာနများသည် ထမ်းရွက်နေသော တာဝန်ဝတ္တရားများကို ပြည့်ပြည့်စုံစုံ နားလည် သိရှိပြီး ပါတီနှင့် နိုင်ငံတော်၏ မဟာဗျူဟာမြောက် လုပ်ငန်းများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုး ဆောင်ပေးရမည် ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူလူထု နေထိုင်မှုဘဝ ကောင်းမွန်စေရေးနှင့် အာမခံပေးရေး အတွက် အကျိုး ဆောင်ပေးကာ လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ရဲဝံ့စွာ ထမ်း ဆောင်၍ တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှု လုပ်ငန်းအတွက် ပိုမို အကျိုးပြု စွမ်းဆောင် ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
တရုတ် ဗဟိုလုပ်ငန်းဌာနများမှ တာဝန်ခံများ အစည်းအဝေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပေကျင်း၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ပါသည်။