ရှီကျင့်ဖိန်သည် ချီလီသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသော ကာစတာ အား ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
အရင်းအမြစ်:CRI |
2025-12-24 11:33:23
ဒီဇင်ဘာလ ၂၂ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချီလီသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသော ကာစတာ အား ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-ချီလီ ဆက်ဆံမှုသည် တရုတ်နှင့် လက်တင်အမေရိကနိုင်ငံများကြား ဆက်ဆံမှု၏ ရှေ့ဆောင်နေရာတွင် ရှိခဲ့ပြီး တရုတ်-ချီလီ ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရန် အဆက်မပြတ်တွန်းအားပေးခြင်းသည် နှစ်နိုင်ငံ အလျှာပေါင်းစုံတို့၏ ကျယ်ပြန့်သော သဘောတူညီချက် ဖြစ်ကြောင်း၊ မိမိသည် တရုတ်-ချီလီ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားကာ အဆွေတော်သမ္မတနှင့် အတူ ချစ်ကြည်ရေးအစဉ်အလာကို ဆက်ခံပြီး တရုတ်-ချီလီ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အခန်းကဏ္ဍသစ်သို့ အဆက်မပြတ် တက်လှမ်းရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်းဖော်ပြခဲ့ပါသည်။