ရှီကျင့်ဖိန် သည် Lee Ka Chiu ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်ကို ကြားနာ

အရင်းအမြစ်:CRI   |    2025-12-17 11:32:00

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပေကျင်းမြို့ ကျုံးနန်ဟိုင်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Lee Ka Chiu နှင့် တွေ့ဆုံပြီး လက်ရှိ ဟောင်ကောင်အခြေအနေနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်သော Lee Ka Chiu ၏ တင်ပြချက်ကို ကြားနာခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က လွန်ခဲ့သည့်တစ်နှစ်အတွင်းတွင် အုပ်ချုပ်ရေးမှူး Lee Ka Chiu သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရကို ဦးဆောင်ပြီး တာဝန်များကို ရဲရင့်စွာ ထမ်းဆောင်ကာ တက်တက်ကြွကြွ ဆောင်ရွက်၍ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ ၈ ကြိမ်မြောက် ဟောင်ကောင်ဥပဒေပြုရေးကောင်စီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီး စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖော်ကာ ဟောင်ကောင်ဒေသ ရှင်သန် ဖွံ့ဖြိုးမှုတွင် ခြေလှမ်းအသစ် လှမ်းနိုင်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအနေဖြင့် အုပ်ချုပ်ရေးမှူး Lee Ka Chiu နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို တန်ဖိုးထား ချီးကျူးကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအနေဖြင့် နိုင်ငံတော်၏ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စီမံအုပ်ချုပ်ရေးဦးဆောင်မှုကို စွဲကိုင်ထားကာ ပြီးပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဇောက်ချပြုလုပ်ပြီး ကွမ်းတုန်- ဟောင်ကောင်-မကာအို ဒေသကြီး၏ တည်ဆောက်မှုတွင် နက်နက်ရှိုင်းရှုင်း ပါဝင် ဆောင်ရွက်ကာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ဆောင်ရွက်ရ မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် သည် Lee Ka Chiu ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်ကို ကြားနာ