ရှီကျင့်ဖိန်သည် အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးဆိုင်ရာ အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်

အရင်းအမြစ်:CRI   |    2025-12-17 11:31:00

မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးဆိုင်ရာ အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးကို လွန်စွာ အလေးထားပြီး လုပ်ငန်းအရပ်ရပ်တွင် တိုးတက်မှုနှင့် အကျိုးသက်ရောက်မှုသစ်များ ရရှိရန် ဆောင်ရွက်ချက်များစွာဖြင့် တွန်းအား ပေးခဲ့ကြောင်း၊ ခရီးစဉ်သစ်တွင် အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးကို မဟာဗျူဟာမြောက် အခြေခံလုပ်ငန်းအဖြစ် စွဲစွဲမြဲမြဲ အားဖြည့် လုပ်ဆောင်ရမည် ဖြစ်ပြီး ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်များဖြင့် သင်ကြား မွေးထုတ်ရေးကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အရွယ်မရောက်သေးသူများအား ကြီးမြတ်သော ရည်မှန်းချက်များ ထားရှိရန်၊ ဆိုရှယ်လစ်ဝါဒ၏ အဓိက တန်ဖိုးအမြင်များ လက်တွေ့ကျကျ ဖော်ဆောင်ပေးရန်၊ စာရိတ္တနှင့် အပြုအမူဆိုင်ရာ အကျင့်ကောင်းများ ဖြစ်တည်စေရန်၊ အကျင့်စာရိတ္တ၊ ဉာဏ်ပညာဗဟုသုတ၊ အားကစား၊ အနုပညာ၊ လုပ်အားအပါအဝင် နယ်ပယ်ပေါင်းစုံ တိုးတက်လာသော ဆိုရှယ်လစ်လုပ်ငန်း ဆောက်လုပ်သူနှင့် ဆက်ခံသူ ဖြစ်လာအောင် ကြိုးစားကြရန် လမ်းညွှန် သင်ကြား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ညွှန်ကြားဖော်ပြခဲ့ပါသည်။

အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးလုပ်ငန်း ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ပေကျင်း၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်သည် အရွယ်မရောက်သေးသူများ၏ အတွေးအခေါ်နှင့် အကျင့်သိက္ခာ တည်ဆောက်ရေးဆိုင်ရာ အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန်