Qiushi မဂ္ဂဇင်းတွင် "ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်းသည် မဟာဗျူဟာမြောက် ဆောင်ရွက်ချက် ဖြစ်ခြင်း" ဟူသည့် ခေါင်းစဉ်ဖြစ်သည့် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်
အရင်းအမြစ်:CRI |
2025-12-16 11:31:00
ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် "ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်းသည် မဟာဗျူဟာမြောက် ဆောင်ရွက်ချက် ဖြစ်ခြင်း" ဟူသည့် ခေါင်းစဉ်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်မည် ဖြစ်ပါသည်။
ယင်းဆောင်းပါးတွင် ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်းသည် စီးပွားရေး တည်ငြိမ်မှုနှင့် ဆက်စပ်သည့်အပြင် စီးပွားရေး လုံခြုံမှုနှင့်လည်း ဆက်စပ်ပါကြောင်း၊ ယင်းသည် ယာယီ ဆောင်ရွက်ချက် မဟုတ်ဘဲ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ပင် ဖြစ်ကြောင်း၊ နိုင်ငံကြီး စီးပွားရေး၏ အားသာချက်သည် အတွင်းပိုင်း လည်ပတ်မှု ဖြစ်ပြီး ဝယ်လိုအား ဖူဖူလုံလုံ မရှိခြင်းသည် မျက်မှောက် စီးပွားရေး လည်ပတ်မှုတွင် ရင်ဆိုင်နေရသော အရေးကြီး ပြဿနာပင် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။