ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးကို ပေကျင်း၌ ကျင်းပ၊ ရှီကျင့်ဖိန်သည် အရေးကြီးသည့် မိန့်ခွန်း ပြောကြား
တရုတ် ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပေကျင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးသည့် မိန့်ခွန်းကို ပြောကြား ခဲ့ပါသည်။ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင် လီချန်၊ ကျောက်လေ့ကျည့်၊ ဝမ်ဟုညင်၊ ဆိုက်ချီ၊ တင်ရွှေရှန်နှင့် လီရှီတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားပြီး ၂၀၂၅ ခုနှစ် စီးပွားရေး လုပ်ငန်းများနှင့် မျက်မှောက် စီးပွားရေး အခြေအနေများကို ပေါင်းရုံး သုံးသပ်ပြီး ၂၀၂၆ ခုနှစ် စီးပွားရေး လုပ်ငန်းများကို စီမံချမှတ်ခဲ့ပါသည်။ ဝန်ကြီးချုပ် လီချန်သည် ပေါင်းရုံးသုံးသပ်စကား ပြောကြားပြီး ရှီကျင့်ဖိန်၏ အရေးကြီးသည့် မိန့်ခွန်း စိတ်ဓာတ်ကို ဖော်ဆောင်ရေးနှင့် လာမည့်နှစ် စီးပွားရေး လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ညွှန်ကြား ခဲ့ပါသည်။
ယခုအကြိမ် အစည်းအဝေးတွင် လာမည့်နှစ် စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင်လိုပါက ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက် အဖြစ် ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်များကို တိကျမှန်ကန်စွာ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် ဖွဲ့စည်း တည်ဆောက်ခြင်းနှင့် အရည်အသွေးသစ် ဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းကုန် တွန်းအားပေးရမည် ဖြစ်၍ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး အခြေခံမူကို စွဲကိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစည်းအဝေးတွင် လာမည့်နှစ် စီးပွားရေး လုပ်ငန်းများတွင် အောက်ပါ အရေးကြီး လုပ်ငန်း တာဝန်များကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းတို့သည် ပြည်တွင်း ဝယ်လိုအားကို အဓိကအဖြစ်ထားခြင်းကို စွဲကိုင်ပြီး အားကောင်းသော ပြည်တွင်း ဈေးကွက်ကို တည်ဆောက်ခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရေးကို စွဲကိုင်ပြီး စွမ်းဆောင်ရည်အသစ် တိုးတက်လာအောင် တွန်းအားပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးဖြင့် ရည်မှန်းချက်များ ဖော်ဆောင်ခြင်းကို စွဲကိုင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ရှင်သန်ရေးကို မြှင့်တင်ပေးခြင်း၊ တံခါးဖွင့်ရေးကို စွဲကိုင်ပြီး နယ်ပယ်များစွာတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ တပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို စွဲကိုင်ပြီး မြို့ပြနှင့် ကျေး လက်ဒေသများ ပေါင်းစပ် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း၊ "ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး နှစ်ခု" ကို ဦးစီး စွဲကိုင်ပြီး ဘက်စုံ အစိမ်းရောင် အသွင်ကူးပြောင်းရေးကို တွန်းအားပေးခြင်း၊ ပြည်သူလူထုများ၏ နေထိုင်မှုဘဝကို အဓိကအဖြစ်ထားပြီး ပြည်သူလူထုများအတွက် လက်တွေ့ကျကျ အကျိုးပြု လုပ်ဆောင်ပေးခြင်းနှင့် အခြေခံမူများကို စွဲကိုင်ပြီး အဓိကနယ်ပယ်များမှ အန္တရာယ်များကို သင့်တော် တက်ကြွစွာ ဖြေရှင်းပေးခြင်းတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။