ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ် လေ့လာရေး လုပ်ငန်း နှီးနှောဖလှယ်ပွဲကို ကျင်းပ
အရင်းအမြစ်:CRI |
2025-12-10 11:28:00
ယခုလ ၉ရက်နေ့က ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ် လေ့လာရေး လုပ်ငန်း နှီးနှော ဖလှယ်ပွဲကို ပေကျင်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ်၏ သိပ္ပံနည်းကျသော ဦးဆောင်လမ်းညွှန်မှုကို စွဲကိုင်ထားပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး အခြေအနေသစ်ကို အဆက် မပြတ် ဖွင့်လှစ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။