ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ကရွန်းနှင့် စီချွမ်းပြည်နယ်၌ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး

အရင်းအမြစ်:CRI   |    2025-12-06 11:27:00

ယခုလ ၅ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ် နိုင်ငံ သမ္မတ မက်ကရွန်းနှင့် စီချွမ်းပြည်နယ် ချန်ဒူးမြို့၌ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှီကျင့်ဖိန်က ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံတို့သည် ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးနှင့် လူသား ဖွံ့ဖြိုးတိုးတက်မှု အတွက် ပိုမို ကြီးမားသည့် အကျိုးပြုမှုများကို စွမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မာကရွန်းက လက်ရှိ နိုင်ငံတကာ အခြေအနေ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေပြီး မရေရာမှုများနှင့် ပြည့်နှက်နေကြောင်း၊ ပြင်သစ် နိုင်ငံသည် တရုတ် နိုင်ငံနှင့် အကြား ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် စွဲကိုင်ထားကာ ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်း ကာကွယ်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် ရင်းနှီးသော ဆက်သွယ်မှုကို ထိန်းသိမ်းထားပြီး တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ရှေ့သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်အောင် အတူတကွ တွန်းအားပေးရန် တစ်ညီတစ်ညွတ်တည်း သဘောတူ ခဲ့ကြသည်။

ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ကရွန်းနှင့် စီချွမ်းပြည်နယ်၌ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး