ရှီကျင့်ဖိန်နှင့် ပြင်သစ် သမ္မတ မာကရွန်းတို့သည် သတင်းထောက်များအား အတူ တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-12-05 11:26:00

ယခုလ ၄ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ် သမ္မတ မာကရွန်းတို့သည် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များအား အတူ တကွ တွေ့ဆုံခဲ့ကြကြောင်း သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က မိမိနှင့် သမ္မတ မာကရွန်းတို့သည် ချစ်ခင်ရင်းနှီးပြီး ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးကာ အကျိုးဖြစ်ထွန်းမှုများစွာ ရရှိခဲ့ကြောင်း၊ မိမိတို့သည် အောက်ပါ နယ်ပယ် ၄ခုမှ လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် သဘောတူကြကြောင်း၊ ပထမ အချက်က နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေရန် ဖြစ်ကြောင်း၊ ဒုတိယ အချက် ကတော့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန် ဖြစ်ကြောင်း၊ တတိယ အချက်က လူမှုယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုများကို တိုးမြှင့်ရန် ဖြစ် ကြောင်း၊ စတုတ္ထ အချက် ကတော့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှုနှင့် ကောင်းမွန်ပြည့်စုံခြင်းကို တွန်းအားပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်နှင့် ပြင်သစ် သမ္မတ မာကရွန်းတို့သည် သတင်းထောက်များအား အတူ တွေ့ဆုံ