ရှီကျင့်ဖိန်သည် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ သတ္တမ အကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြား

အရင်းအမြစ်:CRI   |    2025-12-05 11:24:00

ယခုလ ၄ ရက်နေ့ နေ့လယ်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ် သမ္မတ မာကရွန်းတို့သည် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ သတ္တမ အကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲ အခမ်းအနားသို့ အတူ တက်ရောက်ကြပြီး အမှာစကား ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ယခုနှစ်တွင် တရုတ်-ပြင်သစ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ အဆက်မပြတ် တိုးချဲ့လာပြီး ရေရှည်ခိုင်မာမှု အဆက်မပြတ် အားကောင်း လာကြောင်း၊ နှစ်ဘက် ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၆၈.၇၅ဘီလီယံ ရရှိပြီး နှစ်ဖက် အကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ၂၇ဘီလီယံကျော် ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် သံတမန် ဆက်ဆံမှု ထားရှိခဲ့စဉ်က မူရင်းစိတ်ကို စွဲကိုင်ထားပြီး အခွင့်ကောင်းများကို ယူကာ ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ပြုလုပ်၍ နှစ်နိုင်ငံ ဆက်ဆံမှုကို ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးပြီး တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမို ကောင်းမွန်သည့် အခန်းကဏ္ဍကို အတူတကွ ဖွင့်လှစ်ကာ တရုတ်-ပြင်သစ် ဆက်ဆံမှု၏ တည်ငြိမ်မှုဖြင့် လက်ရှိ ကမ္ဘာတွင် မရေရာမှုများကို ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ပထမ အချက်က နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို အဆက်မပြတ် တိုးချဲ့သင့်ကြောင်း၊ ဒုတိယ အချက် ကတော့ တရုတ်- ဥရောပ အကြား အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုတွင် ဖွံ့ဖြိုးတိုးတက်မှု သစ်များကို ရရှိရန် ဆက်လက် တွန်းအားပေးသင့်ကြောင်း၊ တတိယ အချက်က ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် ကောင်းမွန်ပြည့်စုံစေရေး အတွက် အကျိုးပြုမှု သစ်များကို အတူတကွ စွမ်းဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံ အစိုးရများ၊ လုပ်ငန်းကုမ္ပဏီများ အပါအဝင် အလွှာ ပေါင်းစုံမှ ကိုယ်စားလှယ် ၁၅၀ခန့်သည် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရသည်။

ရှီကျင့်ဖိန်သည် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ သတ္တမ အကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြား