ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်နှင့် တွေ့ဆုံ
ဒီဇင်ဘာလ ၄ ရက်နေ့နံနက်ပိုင်းတွင် တရုတ်သမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘာကြီးသည် အလျင်အမြန်ပြောင်းလဲနေပြီး လူသားများသည် လမ်းဆုံလမ်းခွတွင် တစ်ဖန်ပြန်လည်ရပ်တည်နေကြောင်း၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏ တာဝန်ယူမှုကို ပြသပြီးဘက်ပေါင်းစုံဝါဒ၏ အလံကို ကိုင်စွဲကာ သမိုင်း၏ မှန်ကန်သောဘက်တွင် ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရေရှည်အကျိုးစီးပွားများကို ရှေးရှုပြီး တန်းတူညီမျှစွာဆွေးနွေးခြင်း၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို စွဲစွဲမြဲမြဲဆောင်ရွက်ကာ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လာမည့် နှစ် ၆၀တွင် ပိုမိုတည်ငြိမ်ကောင်းမွန်စွာ တိုးတက်စေပြီး ၎င်း၏ မဟာဗျူဟာမြောက်တန်ဖိုးကို အပြည့်အဝပြသပြီး တန်းတူညီမျှပြီး စနစ်တကျရှိသော ဘက်ပေါင်းစုံဝင်ရိုးစွန်းကမ္ဘာနှင့် အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းအတွက် အကျိုးဆောင်မှုအသစ်များ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။
မက်ခရွန်က ပြင်သစ်နှင့် တရုတ်နိုင်ငံတို့သည် အဆင့်မြင့်ဖလှယ်မှုများကို နီးကပ်စွာ ထိန်းသိမ်းထားပြီး အပြန်အလှန် အမြဲတမ်း ယုံကြည်လေးစားကြောင်း၊ ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာစွာ လိုက်နာကာ ပြင်သစ်နှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနှင့် အစားအစာ၊ ပညာရေးနှင့် ဂေဟပတ်ဝန်းကျင်ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲသို့ ပူးတွဲတက်ရောက်ခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်နှင့် နိုင်ငံခြားသတင်းထောက်များနှင့်လည်း ပူးတွဲတွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။