အင်္ဂလိပ် ဘာသာဖြင့် "ရှီကျင့်ဖိန်၏ တိုင်းပြည် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ပဥ္စမတွဲ မိတ်ဆက်ဖြန့်ချိပွဲကို ဂျော်ဟန်နက်စဘတ်မြို့တွင် ကျင်းပ
အင်္ဂလိပ်ဘာသာဖြင့် "ရှီကျင့်ဖိန်၏ တိုင်းပြည် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ပဥ္စမတွဲ မိတ်ဆက်ဖြန့်ချိပွဲကို ယခုလ ၃ရက်နေ့က တောင်အာဖရိက နိုင်ငံ ဂျော်ဟန်နက် စဘတ်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရသည်။
မိတ်ဆက်ဖြန့်ချိပွဲသို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံ အသီးသီးမှ ဧည့်သည်တော်များက "ရှီကျင့်ဖိန်၏ တိုင်းပြည် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ပဥ္စမတွဲတွင် ရှီကျင့်ဖိန်၏ ခေတ်ကာလသစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် ဆိုင်ရာ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုသစ်များကို ဖော်ပြပြီး တရုတ် အသွင် ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၏ သိသာထင်ရှားသော ထူးခြားချက်များ၊ လက်တွေ့ဖော် ဆောင်ရေး လမ်းကြောင်းများနှင့် ထွန်းလင်းတောက်ပသော အောင်မြင်မှုများကို ဖော်ပြကာ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးသို့ အတူတကွ ရှေးရှုချီတက်ရန် အတွက် နည်းယူလေ့လာဖွယ်ကောင်းသော တရုတ် ဉာဏ်ပညာများနှင့် တရုတ် နည်းလမ်း များကို ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။
၄င်းမိတ်ဆက်ဖြန့်ချိပွဲတွင် တက်ရောက်ကြသည့် ပညာရှင်များသည် ခေတ်မီ ဖွံ့ဖြိုးတိုး တက်ရေး အတွေ့အကြုံများ အတူမျှဝေရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး၊ BRICS ပူးပေါင်းဆောင်ရွက်ရေး၊ Belt and Roadအရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ရေးနှင့် ခေတ်ကာလသစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး၏ အနှစ်သာရများကို တိုးပွားစေရေး စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြကြောင်း သတင်းအရ သိရသည်။