ရှီကျင့်ဖိန်သည် တရုတ် စေတနာ့ဝန်ထမ်း အဖွဲ့ချုပ် တတိယအကြိမ် ကွန်ဂရက်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
တရုတ် စေတနာ့ဝန်ထမ်း အဖွဲ့ချုပ် တတိယအကြိမ် ကွန်ဂရက် ကျင်းပသည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကွန်ဂရက် ကျင်းပခြင်းအတွက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး စေတနာ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ဆောင်မှုတွင် ပါဝင်လုပ်ဆောင်သူများအား နှုတ်ခွန်းဆက်သခဲ့ပါသည်။
အဆိုပါ သဝဏ်လွှာတွင် ရှီကျင့်ဖိန်က စေတနာ့ ဝန်ဆောင်မှုသည် လူမှုယဉ်ကျေးမှု တိုးတက်လာသည့် အရေးကြီးသောသင်္ကေတတစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်းများအနေဖြင့် အခြားသူများအား ဝန်ဆောင်မှုပေးကာ လူမှုလောကအတွက် အကျိုးဆောင်ပေးသည့် အရေးကြီးသောလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်သစ်တွင် စေတနာ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ဆောင်မှုတွင် ပါဝင်လုပ်ဆောင်သူများ အနေနှင့် စေတနာ့ဝန်ဆောင်မှုစိတ်ဓာတ်ဖြင့် တရုတ်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုတွင် တက်ကြွစွာ လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။