“ရှီကျင့်ဖိန်၏ စစ်အင်အား အားကောင်းစေရေး အတွေးအမြင်နိဒါန်း" စာအုပ်ကို ထုတ်ဝေ
အရင်းအမြစ်:CRI |
2025-11-28 17:50:00
ခေတ်သစ် တရုတ်ထူးခြားချက် ဝိသေသပါရှိတဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စစ်ရေး ကော်မရှင် နိုင်ငံရေးလုပ်ငန်းဌာနသည် “ရှီကျင့်ဖိန်၏ စစ်အင်အား အားကောင်းစေရေး အတွေးအမြင်နိဒါန်း" ကို စီစဉ် ရေးသားခဲ့ပြီး လွတ် မြောက်ရေးတပ်မတော်ထုတ်ဝေရေးဌာနမှ ထုတ်ဝေခဲ့ကြောင်း၊ ယင်း“နိဒါန်း”သည် ရှီကျင့်ဖိန်၏ စစ်အင်အား အားကောင်းစေရေး အတွေးအမြင်ကို ဘက်စုံ စနစ်တကျ ရှင်းလင်းဖော်ပြထားသော စာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ ၎င်းသည် စစ်တက္ကသိုလ်များတွင် နိုင်ငံရေး သီအိုရီသင်တန်းများ အတွက် တရားဝင်စာအုပ် ဖြစ်ပြီး ခေတ်သစ်တွင် ပါတီ၏ စစ်ရေး လမ်းညွှန်မှုဆိုင်ရာ သီအိုရီ စနစ်၏ စနစ်တကျ သုတေသနပြု မြှင့်တင်ရာတွင် အရေးကြီးသော အောင်မြင်မှု ဖြစ်ကြောင်း သိရပါသည်။