သမ္မတရှီကျင့်ဖိန်၏ အမေရိကန်-တရုတ် ခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ခြင်းတွင် ထိုင်ဝမ်ကိစ္စအတွက် တရုတ်ဘက်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ရှင်းလင်းပြောကြား ချက်သည် ထိုင်ဝမ်ဆိုင်ရာ လုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်ရန်အတွက် အရေးပါသော လမ်းညွှန်ချက်များ ဖြစ်သည်ဟု နိုင်ငံတော် ကောင်စီ

အရင်းအမြစ်:CRI   |    2025-11-27 17:49:00

နိုဝင်ဘာလ ၂၄ ရက်နေ့ ညက တရုတ်နိုင်တော်သမ္မတရှီကျင့်ဖိန်သည် အမေရိကန်သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့သည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပသည့် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဖန်ချင်းအင်က ယခုနှစ်သည် တရုတ်ပြည်သူများ၏ ဂျပန် ကျူးကျော်မှု ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ထိုင်ဝမ် နယ်မြေများ ပြန်သိမ်းနိုင်ခြင်း နှစ် ၈၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အမေရိကန် ခေါင်းဆောင်များ၏ ဖုန်းဖြင့် ဆက်သွယ်ခြင်းတွင် ထိုင်ဝမ်ကိစ္စအတွက် တရုတ် နိုင်ငံ၏ မူဝါဒ နှင့်သဘောထား ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီး၏ အောင်ပွဲရလဒ်များကို နှစ်နိုင်ငံအတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားပြောကြားခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ အရေးပါသော မိန့်ခွန်း၏ အနှစ်သာရသည် ထိုင်ဝမ် ဆိုင်ရာ လုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်ရန် အရေးပါသော လမ်းညွှန်ချက်များ ဖြစ်ကြောင်း ပြောကြားခဲ့ သည်။