၇ကြိမ်မြောက် တရုတ်-ရုရှားစွမ်းအင်စီးပွားရေးဖိုရမ် ဖွင့်လှစ်၊ တင်းရွှယ်းရှန်သည် ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး အမှာစကားပြောကြား
၇ကြိမ်မြောက် တရုတ်-ရုရှားစွမ်းအင်စီးပွားရေးဖိုရမ်ကို ယခုလ ၂၅ ရက်နေ့တွင် တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှယ်းရှန်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရှီကျင့်ဖိန်၏ ဂုဏ်ပြု သဝဏ်လွှာ ကို ဖတ်ကြားကာ အမှာစကားပြောကြားခဲ့သည်။
တင်းရွှယ်းရှန်က ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးက တရုတ်နိုင်ငံ၏ အဆင့်မြင့်တံခါးဖွင့်မှုနှင့် စွမ်းအင် အားကောင်းသော နိုင်ငံတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်ပေးခဲ့ကြောင်း၊ ယင်းက တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော အခွင့်အလမ်း သစ်များ ဖန်တီး ပေးခဲ့ကြောင်း၊ တရုတ်ဘက်အနေဖြင့် ရုရှားဘက်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင် ကြီးများ၏ အရေးပါသော သဘောတူညီချက်များကို တစ်ဆင့်တိုး အကောင် အထည်ဖော်ရန်၊ စွမ်းအင် နယ်ပယ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားရန် နှင့် ပူးပေါင်းဆောင်ရွက်မှု၏ အခြေအနေသစ်များကို အဆက်မပြတ် ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။