ရှီကျင့်ဖိန်သည် Tonga နိုင်ငံ ဘုရင်နှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-11-25 17:47:00

ယခုလ ၂၅ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ် နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော Tonga ဘုရင့် နိုင်ငံ ဘုရင် ʻAhoʻeitu ʻUnuakiʻotonga Tukuʻaho (Tupou VI)နှင့် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာ၌ ရှီကျင့်ဖိန်က တရုတ်နှင့် Tonga နှစ်နိုင်ငံတို့ အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် အမြဲတမ်း အပြန်အလှန် လေးစားပြီး တန်း တူညီမျှစွာ ပေါင်းသင်းဆက်ဆံကာ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ တရုတ် နိုင်ငံသည် Tongaနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ဆိုင်ရာ ချိတ်ဆက်မှုကို အားဖြည့် ပြုလုပ်ပြီး ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်ရေး မူဘောင် အတွင်း Tonga စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆက်လက် အကူအညီ ပံ့ပိုးပေးလိုကြောင်း ပြောကြားခဲ့သည်။

Tupou VI က Tonga နိုင်ငံသည် တရုတ် နိုင်ငံနှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာ ပြတ်သားစွာ စွဲကိုင်ထားကာ မည်သည့် ပုံစံဖြင့် မဆို ပြုလုပ်သော “ထိုင်ဝမ် သီးခြား လွတ်လပ်ရေး”ကို ပြတ်သားစွာ ဆန့်ကျင်၍ တရုတ် အစိုးရအား နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို အကောင်အထည် ဖော်ဆောင်ရန် ပြတ်သားစွာ အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။

၄င်း၏ ခရီးစဉ် အတွင်း “တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် Tonga ဘုရင့် နိုင်ငံ ပူးတွဲ ကြေညာချက်”ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

ရှီကျင့်ဖိန်သည် Tonga နိုင်ငံ ဘုရင်နှင့် တွေ့ဆုံ