အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံခန့်ခွဲရေးဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက်သည် စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိစေခဲ့

အရင်းအမြစ်:CRI   |    2025-11-20 17:47:00

မကြာခင်ရက်များက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံခန့်ခွဲရေးဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရာ တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဥပဒေနှင့်အညီ နိုင်ငံတော်ကို စီမံခန့်ခွန်မှု တပြေးညီဖြစ်စေရေးကို စွဲကိုင်ထားရမည် ဖြစ်ပြီး တရား ဥပေဒစိုးမိုးရေး တရုတ်နိုင်ငံ တည်ဆောက်မှု၏ အခြေအနေအသစ်ကို ဖန်တီးရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြခဲ့ပါသည်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးသော ညွှန်ကြားချက်သည် အလွှာပေါင်းစုံမှ စိတ်အားထက်သန်သော တုံ့ပြန်မှု များကို ရရှိစေခဲ့ပြီး ခရီးလမ်းသစ်တွင် ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံခန့်ခွဲရန်အတွက် ရှေ့သို့လျှောက်လှမ်းရမည့် လမ်းကြောင်းကို ညွှန်ပြပေးလျက်ရှိသည်ဟု လူများက ယူဆခဲ့ကြကြောင်း သတင်းရရှိပါသည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံခန့်ခွဲရေးဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက်သည် စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိစေခဲ့