"ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ရွေးစင်ကျမ်း" အတွဲ ၁ ကို ထုတ်ဝေဖြန့်ချိ

အရင်းအမြစ်:CRI   |    2025-11-17 17:46:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင် စာတမ်းများ သုတေသနဌာနမှ ပြုစုတည်းဖြတ်သော "ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ရွေစင်ကျမ်း" အတွဲ ၁ ကို မကြာသေးမီက ဗဟို မော်ကွန်းဝင် စာတမ်းများ ပုံနှိပ် ထုတ်ဝေရေးဌာန (Central Party Literature Press) မှ ပုံနှိပ်ထုတ်ဝေပြီး တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ဖြန့်ချိခဲ့သည်။

"ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ရွေးစင်ကျမ်း " အတွဲ ၁ တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ရဲဘော်ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးတည်ဆောက်မှုဆိုင်ရာ အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးသော ရေးသားပြုစုချက် ဖြစ်ပြီး၊ အစီရင်ခံစာ၊ မိန့်ခွန်း၊ ဟောပြောချက်နှင့် ညွှန်ကြားချက် အပါအဝင် စုစုပေါင်း ၆၉ ပုဒ် ရှိသည်ဟု သိရသည်။

"ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ရွေးစင်ကျမ်း" အတွဲ ၁ ကို ထုတ်ဝေဖြန့်ချိ