Qiushi မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် မှ ရေးသားသော အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်မည်

အရင်းအမြစ်:CRI   |    2025-11-15 17:46:00

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် မှ ရေးသားသော “အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို လိုက်လျော ညီထွေစွာ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်မည် ဖြစ်သည်။ ၄င်းမှာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ သက်ဆိုင်ရာ အရေးကြီးသော ပြောဆိုချက်များမှ ကောက်နုတ်ချက် ဖြစ်သည်ဟု သတင်းအရ သိရပါသည်။

Qiushi မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် မှ ရေးသားသော အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်မည်