တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ကော်မိုရို နိုင်ငံသမ္မတ Azali Assoumani တို့သည် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထူထောင်ခဲ့သည့် အနှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့

အရင်းအမြစ်:CRI   |    2025-11-13 17:43:00

နိုဝင်ဘာလ ၁၃ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကော်မိုရို နိုင်ငံသမ္မတ Azali Assoumani တို့သည် တရုတ်-ကော်မိုရို နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထူထောင် ခဲ့သည့် အနှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာများကို အသီးသီးပေးပို့ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ကော်မိုရိုနိုင်ငံနှင့် ပထမဆုံး သံတမန် အဆက်အသွယ် ထူထောင် ခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း၊ အနှစ် ၅၀ အတွင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ တရုတ်-ကော်မိုရိုဆက်ဆံရေး သည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် နှစ်နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ဆက်တိုက်ခိုင်မြဲလာပြီး နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၌ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တန်းတူ ညီမျှစွာ ဆက်ဆံပြီး စည်းလုံးညီညွတ်စွာ အပြန်အလှန် ကူညီဖေးမသော စံနမူနာကို ထူထောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သမ္မတ Azali Assoumani က ကော်မိုရို-တရုတ်နှစ်နိုင်ငံအကြား သံတမန် အဆက်အသွယ် ထူထောင်ခဲ့သည့် အနှစ် ၅၀ အတွင်း နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦးက လေးစားပြီး အပြန်အလှန်ယုံကြည်ကာ အမြဲတစေအတူတကွရပ်တည်ခဲ့သဖြင့် ခိုင်မာသော ချစ်ကြည်ရေးကို ထားရှိပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရလဒ်များမှာ ကော်မိုရို ပြည်သူများ၏ နေထိုင်မှုဘဝကို နက်ရှိုင်းစွာ ပြောင်းလဲတိုးတက်လာစေခဲ့ကြောင်း ဖော်ပြ ထားပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ကော်မိုရို နိုင်ငံသမ္မတ Azali Assoumani တို့သည် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထူထောင်ခဲ့သည့် အနှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့