ရှီကျင့်ဖိန်သည် စပိန်ဘုရင် Felipe VI နှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2025-11-12 17:42:00

နိုဝင်ဘာလ ၁၂ ရက်နေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တိုင်းရေးပြည်ရာကိစ္စဖြင့် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေသည့် စပိန်ဘုရင် Felipe VI နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်အနေနှင့် စပိန်၏ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းလိုပြီး စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု အစရှိသော နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ရန်၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် အရေးကြီး စီမံကိန်းများ ပိုမို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၊တရုတ်ပြည်ဘက်မှ စပိန်သို့ ဗီဇာကင်းလွတ်ခွင့် ပေးသည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး လူမှုဆက်ဆံရေး လွယ်ကူစေကာ နှစ်နိုင်ငံ ပြည်သူများ ပိုမိုရင်းနှီးစွာ ဆက်ဆံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Felipe VI က တရုတ်အစိုးရ၏ စပိန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် ပေးသည့် ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ပါကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ခရီးသွားလာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ကာ ပြည်သူ့ ချစ်ကြည်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် စပိန်ဘုရင် Felipe VI နှင့် တွေ့ဆုံ