ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ အားကစားပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာ
အရင်းအမြစ်:CRI |
2025-11-09 17:41:00
၁၅ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ အားကစား ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ညက ကွမ်တုန်းပြည်နယ် အိုလံပစ် အားကစားစင်တာ၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အားကစားပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါသည်။