ပါတီ၏ (၂၀) ကြိမ်မြောက်ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးဆိုင်ရာ စိတ်ဓာတ်များကို လေးလေးနက်နက် လေ့လာပြီး ဖော်ဆောင်ရမည်၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မှုကို ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရမည်ဟု ကွမ်တုန်းခရီးစဉ်အတွင်း ရှ

အရင်းအမြစ်:CRI   |    2025-11-09 17:40:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်သည် လတ်တလောရက်ပိုင်းတွင် ကွမ်တုန်းပြည်နယ်သို့ သွားရောက်ကွင်းဆင်းလေ့လာစဉ်အတွင်း ကွမ်တုန်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်မှု၏ ရှေ့ဆောင်၊ ရှေ့ပြေးနေရာနှင့် စမ်းသပ်ဇုန်ဖြစ်ကြောင်း၊ ပါတီ၏ (၂၀) ကြိမ်မြောက်ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေးဆိုင်ရာ စိတ်ဓာတ်များကို လေးလေးနက်နက် လေ့လာပြီး ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အနာဂတ် ၅ နှစ် ရည်မှန်းချက်များ၊ တာဝန်များနှင့် အစီအမံများကို သိပ္ပံနည်းကျ စီစဉ်ရေးဆွဲရမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မှုကို ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ တည်ဆောက်မှုကို တစိုက်မတ်မတ် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါတီအား ဘက်စုံ တင်းကျပ်စွာ စီမံခန့်ခွဲမှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ပြီး ခေတ်မီတိုးတက်မှုတည်ဆောက်ရေးတွင် ရလဒ်အသစ်များ ဆက်တိုက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ကွမ်တုန်းပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဟွမ်ခွန်းမင် နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မုန်ဖန်လိ တို့နှင့်အတူ မေကျိုးမြို့နှင့် ကွမ်ကျိုးမြို့သို့ ကွင်းဆင်းလေ့လာခဲ့သည်။

ပါတီ၏ (၂၀) ကြိမ်မြောက်ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် စုံညီအစည်းအဝေးဆိုင်ရာ စိတ်ဓာတ်များကို လေးလေးနက်နက် လေ့လာပြီး ဖော်ဆောင်ရမည်၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မှုကို ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရမည်ဟု ကွမ်တုန်းခရီးစဉ်အတွင်း ရှ