ရှီကျင့်ဖိန်နှင့် ဆာမိုအာနိုင်ငံခေါင်းဆောင် တူအီမာလိုင်း အလီဖာနိုတို့သည် တရုတ်နှင့် ဆာမိုအာ နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြု သဝဏ်လွှာများကို အပြန်အလှန်ပေးပို့
နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဆာမိုအာနိုင်ငံခေါင်းဆောင် တူအီမာလိုင်း အလီဖာနိုတို့သည် တရုတ်နှင့် ဆာမိုအာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြု သဝဏ်လွှာများကို အပြန်အလှန်ပေးပို့ ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်-ဆာမိုအာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူ၍ ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဆက်ခံရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်နှင့် တရုတ်-ဆာမိုအာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရန် တူအီမာလိုင်း အလီဖာနိုနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
တူအီမာလိုင်း အလီဖာနိုက ဆာမိုအာ-တရုတ် ဆက်ဆံရေးသည် အဆင့်သစ်များသို့ ဆက်လက် ရောက်ရှိနေမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုသည် ဆက်လက် နက်ရှိုင်းနေမည်ဖြစ်ကာ နှစ်နိုင်ငံစလုံး၏ ပိုမိုကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အနာဂတ်အတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။