ရှီကျင့်ဖိန်သည် ဂျမေကာ၌ လေပြင်း ဘေးဒဏ် ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဂျမေကာ ဘုရင်ခံချုပ် Allen အား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2025-11-04 17:35:00

နိုဝင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျမေကာ၌ လေပြင်း ဘေးဒဏ် ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဂျမေကာ ဘုရင်ခံချုပ် Allen အား ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် ဂျမေကာ၌ လေပြင်းဘေးဒဏ် ဖြစ်ပွားခဲ့ပြီး လူအမြောက်အမြား သေကျေဒဏ်ရာ ရရှိခဲ့ခြင်းနှင့် ဓနဥစ္စာများ ဆိုးရွားစွာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်းကို ကြားမိရသဖြင့် မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား သေဆုံးသူများအပေါ် လေးနက်စွာ ဝမ်းနည်းကြောင်း ဖော်ပြပြီး ကျန်ရစ်သူ မိသားစုများ၊ ဒဏ်ရာ ရရှိသူများနှင့် ဘေးသင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်သည်ဟု ဖော်ပြကြောင်း၊ တရုတ်နိုင်ငံသည် ဂျမေကာအား ကူညီမှုများ ပေးလိုပြီး ဂျမေကာ ပြည်သူများ ဘေးအန္တရာယ်များကို အမြန်ဆုံး ကျော်လွှားပြီး အိမ်မြေများကို ပြန်လည် တည်ဆောက်ရန် ထောက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယင်းနေ့၌ပင် ဝန်ကြီးချုပ် လီချန်သည်လည်း ဂျမေကာ ဝန်ကြီးချုပ် Holness အား ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ဂျမေကာ၌ လေပြင်း ဘေးဒဏ် ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဂျမေကာ ဘုရင်ခံချုပ် Allen အား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့