ရှီကျင့်ဖိန်သည် အီဂျစ် ပြတိုက်ကြီး(Grand Egyptian Museum) ဖွင့်လှစ်ခြင်း အတွက် အီဂျစ် သမ္မတ Sisi ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့
အရင်းအမြစ်:CRI |
2025-11-02 17:33:00
ယခုလ ၁ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အီဂျစ် ပြတိုက်ကြီး(Grand Egyptian Museum) ဖွင့်လှစ်ခြင်း အတွက် အီဂျစ် သမ္မတ Abdul Fatah Al-Sisi ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းအရ သိရသည်။
ရှီကျင့်ဖိန်က အီဂျစ် ပြတိုက်ကြီး(Grand Egyptian Museum) ဖွင့်လှစ်သည့် အခါသမယတွင် သမ္မတ Sisiနှင့် အီဂျစ် ပြည်သူများအား စိတ်ရင်းစေတနာဖြင့် ဂုဏ်ပြုကြောင်း၊ အီဂျစ် ပြတိုက်ကြီး(Grand Egyptian Museum)သည် အီဂျစ် ယဉ်ကျေးမှု သမိုင်းကြောင်းတွင် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိပြီး ရှေးဟောင်း အီဂျစ် ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေးနှင့် လက်ဆင့်ကမ်းရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရေးသား ဖော်ပြထားသည်။