Qiushi မဂ္ဂဇင်းတွင် "(အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်းရေးဆွဲ ချမှတ်ရေး ဆိုင်ရာ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏ အဆိုပြုချက်) ရှင်းပြချက်" ခေါင်းစဉ်ဖြစ်သည့် ရှီကျင့်ဖိန်၏ ဆောင်းပါးကို ထုတ်ပြန်မည်
နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် "(အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ရေးဆွဲ ချမှတ်ရေး ဆိုင်ရာ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏အဆိုပြုချက်) ရှင်းပြချက်" ခေါင်းစဉ်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အရေးကြီးသည့် ဆောင်းပါးကို ထုတ်ပြန်မည် ဖြစ်ပါသည်။
ရှီကျင့်ဖိန်၏ ဆောင်းပါးတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ပြီး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးဆိုင်ရာအရေးကြီးသည့် အသွင်ပုံစံ တစ်ရပ် ဖြစ်ကြောင်း၊ ၁၅ကြိမ်မြောက် ၅ နှစ် စီမံကိန်းကို ကောင်းမွန်စွာ လေ့လာချမှတ်ခြင်းသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဆက်တိုက် ပုံမှန် တိုးတက်မှုကို တွန်းအားပေးရန်နှင့် ဆိုရှယ်လစ် ခေတ်မီရေးကို လျာထားချိန်အတိုင်းအခြေခံအားဖြင့် ဖော်ဆောင်ရန်အတွက် ပိုမို ခိုင်ခံ့သောအခြေခံ အုတ်မြစ်များ ချထားပေးမည် ဖြစ်ပြီးအရေးကြီးသည့် အဓိပ္ပာယ် ပါရှိကြောင်း ထောက်ပြထားပါသည်။