နိုင်ငံတကာ ပုဂ္ဂိုလ်များသည် သမ္မတ ရှီကျင့်ဖိန်၏ တောင်ကိုရီးယား ခရီးစဉ် အပေါ် မျှော်လင့်ချက် များစွာ ထားရှိ
နိုင်ငံတကာ ပုဂ္ဂိုလ်များသည် သမ္မတ ရှီကျင့်ဖိန်၏ ၃၂ ကြိမ်မြောက် APEC ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် တောင်ကိုရီးယား သို့ လှည့်လည်မည့် ခရီးစဉ် အပေါ် မျှော်လင့်ချက် များစွာ ထားရှိကြသည်။ ၄င်းတို့က တရုတ်ပြည်သည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးလည်မသုန် ဖော်ဆောင် ပြီး အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ကာ အာရှနှင့် ပစိဖိတ် အပါအဝင် ကမ္ဘာ နိုင်ငံ အသီးသီးနှင့် အပြန်အလှန် ရောနှောပေါင်းစပ်ပြီး အကျိုးရှိစေသည့် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် တောင်ကိုရီးယားသို့ သွားရောက်သည့် တရားဝင် ခရီးစဉ် အပေါ် မျှော်လင့်ချက်များ အပြည့် အဝ ထားရှိပြီး ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ၏ အရပ်ဘက် ချစ်ကြည်ရေးကို တိုးမြှင့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။