ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် နိုင်ငံကြီးအဖြစ် တာဝန်ဝတ္တရားများ ထမ်းဆောင် ခြင်းကို အတူ ပြသ နိုင်ပြီး အရေးကြီးသောကိစ္စ၊ လက်တွေ့ကျသော ကိစ္စနှင့် ကောင်းမွန်သော ကိစ္စများကို လက်တွဲ လုပ်ဆောင်နိုင်ကြောင်း ပြောကြား

အရင်းအမြစ်:CRI   |    2025-10-30 19:02:00

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က သမ္မတ ထရမ့်သည် ဒေသ တွင်း အရေးကိစ္စများ ဖြေရှင်းရေးကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသည်လည်း ကိုယ့် အသွင် ပုံစံဖြင့် မျက်မှောက် အရေးကြီး ရေးရာများတွင် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်း နိုင်ရန် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ မျက်မှောက် ကမ္ဘာကြီးတွင် ခက်ခဲသော အရေးကိစ္စများ အမြောက် အမြား ရှိနေပြီး တရုတ်နှင့် အမေရိကန်တို့သည် နိုင်ငံကြီးအဖြစ် တာဝန် ဝတ္တရား များ အတူ ထမ်းဆောင်ခြင်းကို ပြသကာ နှစ်နိုင်ငံနှင့် ကမ္ဘာ ကြီးအတွက် အကျိုးရှိပြီး အရေးကြီး သည့် ကိစ္စ၊ လက်တွေ့ကျသော ကိစ္စနှင့် ကောင်းမွန်သော ကိစ္စ အမြောက် အများကို လက်တွဲ လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။