ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်ပြီး အတူအောင်နိုင်၊ အတူ စည်ပင် သာယာနိုင်သည်ဟု ပြောကြား

အရင်းအမြစ်:CRI   |    2025-10-30 19:01:00

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ရှင်သန်ဖွံ့ဖြိုးမှုသည် သမ္မတ ထရမ့်က ဖော်ဆောင် လိုသော "အမေရိကန်ကို နောက်ထပ်တစ်ကြိမ် ကြီးမြတ်စေခြင်း" နှင့် တစ်ချိန် တည်း ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ပြီး အတူအောင်နိုင်၊ အတူ စည်ပင် သာယာနိုင်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် မိတ်ဖက်ကောင်းနှင့် မိတ်ဆွေ ကောင်း ဖြစ်သင့်ပြီး ယင်းသည် သမိုင်း၏ အသိဉာဏ်နှင့် လက်တွေ့ကျသော လိုအပ်ချက် ဖြစ် ကြောင်း၊ မိမိသည် သမ္မတ ထရမ့်နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ခိုင်ခံ့သော အခြေခံ တစ်ရပ်ကို ဖန်တီးပေးပြီး တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၏ အသီးသီး ဖွံ့ဖြိုး တိုး တက်ရေး အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်ပြီး အတူအောင်နိုင်၊ အတူ စည်ပင် သာယာနိုင်သည်ဟု ပြောကြား