ရှီကျင့်ဖိန်သည် "နှစ် ၁၀၀ တာ စောင့်ရှောက်ခြင်း - တားမြစ်စီးတီးမှ ရှေးဟောင်း နန်းတော်ပြတိုက်သို့" ပြပွဲကို ကြည့်ရှု
ရှေးဟောင်းနန်းတော် တည်ထောင်ခဲ့ခြင်း နှစ် ၁၀၀ ပြည့် အခါသမယတွင် အောက်တို ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပေကျင်း မြို့ရှိ ရှေးဟောင်းနန်းတော်သို့ သွားရောက်ပြီး "နှစ် ၁၀၀ တာ စောင့်ရှောက်ခြင်း -တားမြစ် စီးတီးမှ ရှေးဟောင်းနန်းတော်ပြတိုက်သို့" ပြပွဲကို ကြည့်ရှု ခဲ့ပါသည်။
ပြပွဲတွင် ပြသထားသော ရှေးဟောင်း ပန်းချီ၊ လက်ရေးအလှ လက်ရာများနှင့် ကြေးညိုထည်၊ ကျောက်စိမ်းထည်၊ ကြွေထည်ပစ္စည်းများသည် တရုတ်လူမျိုးများ၏ ရွှမ်းတင့် ပြောင်မြောက်သော ယဉ်ကျေးမှု သမိုင်းစဉ်ကို သက်သေ ပြုနေပါသည်။
ရှီကျင့်ဖိန်က ရှေးဟောင်းနန်းတော် ပြတိုက်သည် တရုတ် လူမျိုးများ၏ ယဉ်ကျေးမှု မျိုးရိုးဗီဇကို ဆက်ခံထားပြီး တရုတ်ယဉ်ကျေးမှု၏ အရေးကြီးသည့် အမှတ်အသား တစ်ခု ဖြစ်ကြောင်း၊ ရှေးဟောင်းနန်းတော်ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးခြင်းသည် နိုင်ငံတော်၏ အရေးကြီးသည့် အကြောင်းကိစ္စတစ်ရပ် ဖြစ်ပြီး ရှေးဟောင်း နန်းတော်မှ ဝန်ထမ်း များ၏ ဂုဏ်ယူဖွယ်ရာ တာဝန်ဝတ္တရားလည်း ဖြစ်ကြောင်း၊ စမှတ်သစ်၌ ရပ်တည်လျက် ရှေးဟောင်းနန်းတော်ပြတိုက် အနေနှင့် အစဉ်အလာကောင်းများ ထွန်းကား လာအောင် ဆောင်ရွက်ပြီး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ပြည်သူများ ပိုင်ဆိုင်ခြင်းနှင့် ပြည်သူ များအား ဝန်ဆောင်မှု ပေးခြင်းကို စွဲကိုင်ရမည် ဖြစ်ကာ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ကာကွယ် မွမ်းမံမှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရှေးဟောင်း နန်းတော်ကို အရေးကြီးသည့် တိုင်းချစ်ပြည်ချစ် အသိပညာပေး အခြေစိုက်စခန်းနှင့် ကမ္ဘာကြီးက တရုတ်ယဉ်ကျေးမှုကို နားလည်သိရှိစေရန် အရေးကြီးသည့် ပြတင်းပေါက် ဖြစ်လာ စေရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။