တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် တရုတ် ကွန်မြူနစ်ပါတီဝင် မဟုတ်သော ပုဂ္ဂိုလ်များ ပါဝင်သည့် နှီးနှောဖလှယ်ပွဲကို ကျင်းပပြီး ရှီကျင့်ဖိန် ကြီးမှူး ကျင်းပကာ အရေးကြီး မိန့်ခွန်းပြောကြား
အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ရေးဆွဲချမှတ်ရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဆိုပြုချက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ပါတီများ၏ ဗဟို ကော်မတီများမှ တာဝန်ခံများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်ရေး သမဂ္ဂမှ တာဝန်ခံများနှင့် တစ်သီးပုဂ္ဂလများ၏ ထင်မြင်ယူဆချက် များနှင့် အကြံပေးချက်များကို နာယူရန် အတွက် ယခုနှစ် ဩဂုတ်လ ၂၇ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ပေကျင်း ကျုံးနန်းဟိုင်တွင် တရုတ် ကွန်မြူနစ်ပါတီဝင် မဟုတ်သော ပုဂ္ဂိုလ်များ ပါဝင်သည့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် နှီးနှောဖလှယ်ပွဲကို ကြီးမှူး ကျင်းပပြီး အရေးကြီး မိန့်ခွန်းပြောကြားရာတွင် ၁၅ ကြိမ်မြောက် ၅နှစ် စီမံကိန်း အချိန်ကာလ၌ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို စီမံချမှတ်ရာတွင် အခြေခံအားဖြင့် ဆိုရှယ်လစ် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး ရည်မှန်းချက်ကို သတ်မှတ်ပေးရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ အခြေအနေကို နက်ရှိုင်းစွာ သိရှိနားလည်ပြီး အဆင့်မြင့် သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းကို ဇောက်ချ တွန်းအားပေးကာ အတူတကွ သာယာ ဝပြောမှုကို ခြေလှမ်းမှန်မှန်ဖြင့် ဖော်ဆောင်၍ ပါတီတစ်ခုလုံးနှင့် တစ်ပြည်လုံးရှိ တိုင်းရင်း သားလူမျိုးစု ပြည်သူများအား မွန်မြတ်သည့် အားကောင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး အရေးတော်ပုံအား အကောင်အထည် ဖော်ဆောင်ရေး အတွက် စည်းလုံးညီညွတ်စွာ အားထုတ်ကြိုးပမ်းကြရန် နှိုးဆော်တိုက်တွန်းရမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။