အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ကူမင်တန် ပါတီ(KMT) နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) တို့ကြား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်အပြင် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံရေးကိုလည်း လမ်းညွှန်းထားသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးဆို

အရင်းအမြစ်:CRI   |    2025-10-23 18:53:00

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ကျင့်လိဝင်းအား ကူမင်တန် ပါတီ (KMT) ဥက္ကဌအဖြစ် အရွေးခံရခြင်းအပေါ် ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ မစ္စ ကျင့်လိဝင်း က ထိုနေ့တွင်ပင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် အား ကျေးဇူးတင်ရှိကြောင်းကို ပြန်လည် ဖြေကြားခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ကူမင်တန်ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီ တို့အကြား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်အပြင် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံရေးကိုလည်း လမ်းညွှန်းထားသည်ဟု ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ပုံမန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ကျူးဖုန့်လျန်က ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာ၏ စိတ်ဓာတ်ကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို တွန်းအားပေးရန်၊ တရုတ်အမျိုးသားများ၏ ဘုံဇာတိရပ်ရွာ နှင့် ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များ၏ အခြေခံ အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရန်၊ တရုတ်အမျိုးသားများ၏ ပိုမိုကောင်းမွန်သော ပြန်လည် ရှင်သန်လာမည့် အနာဂတ်ကို အတူတကွ ဖန်းတီးပေးရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ကူမင်တန် ပါတီ(KMT) နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) တို့ကြား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်အပြင် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံရေးကိုလည်း လမ်းညွှန်းထားသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးဆို