တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် တရုတ် ကိုမင်တန် ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရခြင်း အတွက် Zheng Liwenထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့၊ Zheng Liwenသည် သဝဏ်လွှာ ပြန်ပေးပို့ပြီး ကျေးဇူးကြောင်း ဖော်ပြ
ယခုလ ၁၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်း ရေးမှူး ရှီကျင့်ဖိန်သည် တရုတ် ကိုမင်တန် ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရခြင်း အတွက် Zheng Liwenထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ကြောင်း သတင်းအရ သိရသည်။
ရှီကျင့်ဖိန်က ပါတီ ၂ခုတို့ အနေနှင့် ဘုံနိုင်ငံရေး အခြေခံ အုတ်မြစ်ကို စွဲကိုင်ထားပြီး ထိုင်ဝမ် မွေးချင်းပေါက်ဖော်များကို စည်းလုံးညီညွတ်ကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပြီး နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တွန်းအားပေးကာ ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များ၏ အရင်းခံ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်၍ တရုတ် အမျိုးသား အတွက် ပိုမို သာယာကောင်းမွန်သော အနာဂတ်ကို လက်တွဲ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ၄င်းဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
ထိုနေ့တွင်ပင် အသစ် ရွေးချယ်ခံရသော တရုတ် ကိုမင်တန် ပါတီ ဥက္ကဋ္ဌ Zheng Liwen သည် သဝဏ်လွှာကို ပြန်ပေးပို့ပြီး အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်အား ကျေးဇူးကြောင်း ဖော်ပြပါသည်။ ၄င်းက ပါတီ ၂ခုသည် လက်ရှိ အခြေခံပေါ်တွင် ရေလက်ကြား နှစ်ဖက်ကမ်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး ထိုင်ဝမ် ရေလက်ကြား အေးချမ်းတည်ငြိမ်ရေးကို တိုးမြှင့်ကာ ရေလက်ကြား နှစ်ဖက်ကမ်း ပြည်သူများ အတွက် အကြီးမားဆုံးသော ချမ်းသာသုခများကို ဖန်တီးပေးသင့်ကြောင်း ရေးသားဖော်ပြထားသည်။