ကမ္ဘာ့အမျိုးသမီး ထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန် ၏ အဓိက မိန့်ခွန်းသည် တရုတ်နှင့် ပြည်ပမှ ပုဂ္ဂိုလ်များ၏ စိတ်အားထက်သန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့
အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့အမျိုးသမီး ထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဓိကမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့အမျိုးသမီးရေးရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန် ကမ်းလှမ်းချက်အသစ်နှင့် အစီအမံအသစ်များကို အဆိုပြုခဲ့ပါသည်။
အိုက်စလန်သမ္မတ ဟာဒယ်ရာ တိုမားစ်ဒိုတီရ် ၊ ကုလသမဂ္ဂ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီ ဥက္ကဋ္ဌ နာလာ ဟိုင်ဒါနှင့် နိုင်ငံအသီးသီးမှ အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းမှ တာဝန် ရှိသူများနှင့် တရုတ်နိုင်ငံနှင့် ပြည်ပမှ အမျိုးသမီးရေးရာ ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန် ၏ မိန့်ခွန်းသည် နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ကျား၊မတန်းတူညီမျှမှုနှင့် အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရသည့်၊ ဖွံ့ဖြိုးတိုးတက်ပြီး လှပသည့် ကမ္ဘာကြီးအား အတူတကွ တည်ဆောက်လိုသည့် တူညီသော ဆန္ဒကို ရောင်ပြန်ဟပ်ပြသခဲ့ပြီး ကမ္ဘာ့အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် တွန်းအားများကို ထည့်သွင်းပေးလိုက်ကြောင်း ဖော်ပြထားပါသည်။