ရှီကျင့်ဖိန်သည် ဆေရှဲ နိုင်ငံ ရွေးကောက်ခံသမ္မတ ဟာမီနီယာ အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့
အရင်းအမြစ်:CRI |
2025-10-16 18:42:00
အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဆေရှဲနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပက်ထရစ် ဟာမီနီယာထံသို့ သဝဏ်လွှာ ပေးပို့၍ ဂုဏ်ပြုခဲ့သည်။
ရှီကျင့်ဖိန်က မိမိအနေနှင့် တရုတ်-ဆေရှဲ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန် အလေးထားပြီး ရွေးကောက်ခံသမ္မတ ဟာမီနီယာနှင့် လက်တွဲကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးမှ ရလဒ်များ အကောင်အထည်ဖော်ခြင်းကို အခွင့်ကောင်းအဖြစ် ရှုမြင်ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးဆောင်လိုကြောင်း ဖော်ပြခဲ့ပါသည်။