ရှီကျင့်ဖိန်က တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ပြန်စာပေးပို့
မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်စာပေးပို့ပြီး တရုတ်စိုက်ပျိုးရေး တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် အခါသမယတွင် တက္ကသိုလ်၏ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားဟောင်းများအား ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါသည်။
ရှီကျင့်ဖိန်က ပညာသင်ကြားရေးအစဉ်အလာကောင်းကို ထွန်းကားစေပြီး ပညာသင်ကြားပို့ချရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ စိုက်ပျိုးရေး သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် ရလဒ်များ လက်တွေ့ အကောင်အထည်ဖော်ဆောင်ခြင်းကို တွန်းအားပေးရန်၊ ပိုမိုများပြားသော စိုက်ပျိုးရေးကို တတ်ကျွမ်းနားလည်သော ကျွမ်းကျင် ပညာ ရှင်များ ပြုစုပျိုးထောင်ပြီး စိုက်ပျိုးရေးအင်အားကြီးနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရန်နှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရန်အတွက် အကျိုးပြုဆောင်မှုအသစ်များ ဆောင်ကျဉ်း ပေးဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။