"ရှီကျင့်ဖိန်၏ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ ပြောကြားချက်များ" (အတွဲ ၅) အင်္ဂလိပ် ဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို Frankfurt ၌ ကျင်းပ

အရင်းအမြစ်:CRI   |    2025-10-15 18:40:00

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၊ ဂျာမဏီနိုင်ငံဆိုင်ရာ တရုတ် သံရုံး၊ တရုတ် နိုင်ငံခြားဘာသာစကား အေဂျင်စီနှင့် Frankfurt ရှိ တရုတ် ကောင်စစ်ဝန် ရုံးချုပ်တို့ ပူးတွဲ ဦးစီး ပြုလုပ်သော "ရှီကျင့်ဖိန်၏ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ ပြောကြားချက်များ" (အတွဲ ၅) အင်္ဂလိပ်ဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က ဂျာမဏီ နိုင်ငံ Frankfurt ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

မိတ်ဆက်ပွဲသို့ တက်ရောက်ကြသော ဧည့်သည်တော်များက ယင်းစာအုပ် ထုတ် ဝေခြင်းသည် နိုင်ငံတကာ မိသားစုကြီးက ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ၊ ဦးတည်ချက်များနှင့် လမ်းကြောင်းများကို ပိုမို နက်ရှိုင်းစွာ နားလည် သိရှိစေရန်အတွက် အထောက်အကူ ပြုနိုင်ပြီး ပြည်တွင်း ပြည်ပ နိုင်ငံတော် စီမံခန့်ခွဲရေး ဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်ရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် လေ့လာ သင်ယူရေးကို တစ်ဆင့်တိုး တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။

"ရှီကျင့်ဖိန်၏ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ ပြောကြားချက်များ" (အတွဲ ၅) အင်္ဂလိပ် ဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို Frankfurt ၌ ကျင်းပ