သမ္မတ ရှီကျင့်ဖိန် ၏ အဓိကမိန့်ခွန်းသည် ကမ္ဘာ့အမျိုးသမီးရေးရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်မှုနှင့် တွန်းအားကို ထည့်သွင်း

အရင်းအမြစ်:CRI   |    2025-10-15 18:38:00

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပေကျင်း အမျိုးသား ကွန်ဗင်းရှင်းစင်တာတွင် ကမ္ဘာ့အမျိုးသမီးထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့ပြီး “ပေကျင်း အမျိုးသမီးများ ထိပ်သီးညီလာခံ၏ စိတ်ဓာတ်ကို ထွန်းကား စေပြီး အမျိုးသမီးရေးရာ လုပ်ငန်းများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်ကို တွန်းအား ပေးခြင်း" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ အဓိကမိန့်ခွန်းသည် ကမ္ဘာ့အမျိုးသမီးရေးရာလုပ်ငန်း ဖွံ့ဖြိုး တိုးတက် ရေးအတွက် လမ်းညွှန်ချက်ပေးထားပြီး အမျိုးသမီးများ၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်သစ်ကို ထိထိရောက်ရောက် မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကမ္ဘာ့အမျိုးသမီး ရေးရာ လုပ်ငန်းအတွက် အခွင့် အလမ်းများနှင့် အာမခံချက်များကို တက်ကြွစွာ ပံ့ပိုးပေးခဲ့ပြီး ကမ္ဘာ့အမျိုးသမီးရေးရာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ် ပေးကာ ကမ္ဘာ့အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍသစ်တစ်ခု ပူးတွဲ ရေးသားရန် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ယုံကြည်မှုနှင့် တွန်းအားများကိုလည်း ပံ့ပိုးပေးမည် ဖြစ် ကြောင်း နိုင်ငံတကာ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် ၏ အဓိကမိန့်ခွန်းသည် ကမ္ဘာ့အမျိုးသမီးရေးရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်မှုနှင့် တွန်းအားကို ထည့်သွင်း