ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားအလုပ်သမားပါတီတည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်း ရေးမှူး ကင်ဂျုံအန်းထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2025-10-10 18:31:00

အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က မြောက်ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး ကင်ဂျုံအန်းထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆက်သွယ်ရေး ခိုင်မာစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ နှစ်နိုင်ငံ၏ ဆိုရှယ်လစ် တည်ဆောက်ရေး လုပ်ငန်းကို အထောက်အကူပြုရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော ဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ မြောက်ကိုရီးယားအလုပ်သမားပါတီ ပိုမိုကြီးမားသော အောင်မြင်မှုများ ဆက်လက်ရရှိပါစေ၊ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး ထာဝရတည်တံ့ပါစေဟု ဆုတောင်းကြောင်း ဖော်ပြခဲ့ပါသည်။