တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ ထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဓိကမိန့်ခွန်း ပြောကြားမည်
အရင်းအမြစ်:CRI |
2025-10-09 18:29:00
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ရေးရာ ထိပ်သီး အစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ပေကျင်း၌ ကျင်းပမည် ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေး၏ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဓိကမိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။